ဒီ အနတ္တလက္ခဏာသုတ်ကို လယ်တီဆရာတော်ဘုရားကြီး(၁၈၄၆ - ၁၉၂၃)က မြန်မာဘာသာ
သို့ ပြန်ဆိုပေးခဲ့ပြီး ဆရာကြီး ဦးဖေမောင်တင် (၁၈၈၈ - ၁၉၇၃) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့တယ်။ ပါဠိဘာသာ၊ မြန်မာဘာသာ၊ ရိုမန်ပါဠိ၊ အင်္ဂလိပ်ဘာသာ တို့ ဖြင့်ထုတ်ဝေခဲ့တယ်။ လေ့လာလိုသူများ လေ့လာရအောင်ပါ။ ဓမ္မစကြာတရားကိုတော့ ချန်ထားခဲ့ပါတယ်။
ပထမပိုင်း First Partဒုတိယပိုင်း Second Partရိုမန်ပါဠိကို ရိုက်ရာမှာ စာလုံးအပေါ်က တုံးလေးတွေကို မရိုက်နိုင်သေးပါ။ ရလျှင်ပြန်ပြင်ပေးပါမယ်။
********************************************************************************
ဗုဒ္ဓမြတ်စွာ၏ တရားဦး(Buddha's first sermons)ခရစ်တော်မပေါ်မီ ၅၄၄ နှစ်(BC 544)အနတ္တလက္ခဏသုတ္တံ (Anatta lakkhana suttam)နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။ဗြဟ္မာနတ်လူ သုံးဘုံသူတို့ ၏ ပူဇော်အထူးကို ခံယူထိုက်ကြောင်းဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဉာဏဒဿနဂုဏ်တို့ နှင့် ပြည့်စုံတော်မူပေထသော သစ္စာဉေ ယျ ဓမ္မအပုံ အလုံးစုံ ကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ်သိမြင်တော်မူပေထသော ဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသောမူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း ဘုရား။
Namo tassa bhagavato
arahato
sammasam buddhassa
Homage to the exalted, the worthy, the fully enlightened, the
Buddha supreme.
(၁)
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မဂဒါယေတပါးသောအခါ၌ မြတ်စွာ ဘုရားသည် ဗာရာဏသီနေပြည်တော်ကြီး၏ အနီး၊ ရှေးခါခေတ်ဟောင်း ရသေ့ သူမြတ်အပေါင်းတို့ ၏ သက်ဆင်းရာဖြစ်သော သားသမင်အပေါင်းတို့ ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူ၏။
(1)
Ekam samayam
bhagava baransiyam
viharati isipatane migadaye.
At one time, The
Bhagava was dwelling in Benares, at the deerpark,
Isipatana.
တတြခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ "ဘိက္ခဝေါ" တိထိုသို့  သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုးရားသည် ကောဏ္ဍအမှူး ငါးဦးအစုအဝေးရှိကုန်သော ရဟန်းတို့ ကို "အို ရဟန်းတို့ " ဟူ၌ ခေါ်တော်မူ၏။
Tatra kho bhagava
pancavaggiye hikkhu amantesi - "bhikkhavo" ti.
There the
Bhagava addressed the group of five Bhikkhus, "O!
Bhikkhus!".
"ဘဒ္ဒန္တေ" တိ တေ ဘိက္ခူ ဘဂ၀ါတော ပစ္စေဿာသုံ ဘဂ၀ါ ဧတ ဒဝေါစထိုပဉ္စ၀ဂ္ဂီရဟန်းတို့  သည် " အရှင်မြတ်ဘုရား" ဟူ၍ မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤအနတ္တလဏ္ခသုတ် စကားကို မိန့် မြွတ်ဟောကြား တော်မူလေသ တည်း။
"Bhadante" ti
te bhikkhu bhagavato paccassosum
Bhagava etadavoca-
And the Bhikkhus answered, "
Bhaddante " Then the
Bhagava spoke thus:-
(၂)
ရူပံ ဘိက္ခဝေ အနတ္တာချစ်သားရဟန်းတို့  ရုပ်တရားအပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တအမှန်ပင်တည်း။
Rupam, bhikkhave, anatta.
"Matter, Bhikkhus, is not the self."
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘသိဿ နယိဒံ ရူပံ အဗာဓာယ သံဝတ္တေယျချစ်သားရဟန်းတို့  ရုပ်တရားအပေါင်းသည် ဧကန်စင်စစ် အလို့ သို့ လိုက်သော
အတ္တသဘောရှိသည်ဖြစ်ပါမူကား ဤရုပ်တရားသည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်
နှောက်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
Rupanca hidam, bhikkhave,
atta abhavissa, nayidam rupam
abadhaya samvatteyya.
If matter, Bhikkhus, were the self, then matter would not tend to sickness.
လဗ္ဘေထ စ ရူပေ "ဧ၀ံ မေ ရူပံ ဟောတုဧ၀ံ မေ ရူပံ မာ အဟောသီ" တိ" ငါ၏ရုပ်သည် ဤသို့ ဖြစ်ပလေ့စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်"
ဤသို့  မိမိတို့ အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်ရနိုင်လေရာ၏။
labbhetha ca rupe-
'evam me rupam hotu,
evam me rupam ma a hosi' ti.
And one could say of matter, "Thus let matter be thus for me, let matter not be thus foe me."
ယသ္မာ စ ခေါ ဘိက္ခဝေရူပံ အနတ္တာ တသ္မာ ရူပံအာဗာဓာယ သံဝတ္တတိချစ်သားရဟန်းတို့  စင်စစ် အကြင်သို့ သော အကြောင်းကြောင့်လျှင်
ရုပ်တရားသည် အလိုသို့ မလိုက်သော အနတ္တသဘော ရှိချေ၏။ ထို့ ကြောင့်
ရုပ်တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောက်ယှက်ဘောက်ပြန်ခြင်းငှာဖြစ်၏။
Yasma ca kho, bhikkhave,
rupam anatta, asma rupam
abadhaya samvattati
"But, Bhikkhus, in as much as matter is not the self, that is why matter tends to sickness.
န စ လဗ္ဘတိ ရူပေ"ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံမာ အဟောသီ" တိ" ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပလေ့စေ၊ ငါ၏ ရုပ်သည် ဤသို့  မဖြစ်စေလင့်"
ဤသို့ မိမိတို့  အလို ဆန္ဒအတိုင်း ရုပ်တရား ၌ အခွင့်မရနိုင်။
na ca labbhati rupe -
'evam me rupam hotu,
evam ma rupam
ma ahosi' " ti.
And one cannot say of matter, " Thus let matter be thus for me, let matter not be thus for me."
(၃)
ဝေဒနာ အနတ္တာချစ်သားရဟန်းတို့  ခံစားမှုဝေဒနာအပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တအမှန်ပင်တည်း။
(3)
"Vedana anatta
Feeling, Bhakkhus, is not the self.
ဝေဒေနာ စ ဟိဒံ ဘိက္ခဝေအတ္တာ အဘ၀ိဿ နယိဒံဝေဒနာ အာဗာဓာယ သံဝတ္တေယျချစ်သားရဟန်းတို့  ခံစားမှုဝေဒနာအပေါင်းသည် ဧကန်စင်စစ် အလိုသို့ လိုက်သော
အတ္တသဘော ရှိသည်ဖြစ်ပါမူကား ဤဝေဒနာသည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်
နှောက်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
Vedana ca hidam, Bhikkhave,
atta abhavissa, nayidam
vedana abadhaya samvatteyya
If feeling, Bhikkhus, were the self, then feeling would not tend to sickness.
လဗ္ဘေထ စ ဝေဒနာယ" ဧ၀ံ မေ ဝေဒနာ ဟောတုဧ၀ံ မေ ဝေဒနာ မာ အဟောသီ" တိ" ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ဝေဒနာသည် ဤသို့  မဖြစ်စေလင့်"
ဤသို့ မိမိတို့  အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့် ရနိုင်လေရာ၏။
labbhetha ca vedanaya
evam me vedana hotu,
evam me vedana ma ahosi' ti.
And one could say of feeling,
"Thus let feeling be thus for me, let feeling not be thus for me."
ယသ္မာ စ ခေါ ဘိက္ခဝေေ၀ဒနာ အနတ္တာ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိချစ်သား ရဟန်းတို့  စင်စစ် အကြင်သို့ သောအကြောင်းကြောင့်လျှင်
ဝေဒနာတရားသည် အလိုသို့ မလိုက်သော အနတ္တသဘောရှိချေ၏။
ထို့ ကြောင့် ဝေဒနာတရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက်
နှောက်ယှက် ဘောက်ပြန်ခြင်းငှာဖြစ်၏။
Yasma ca kho, bhikkhave,
vedna anatta, tasma vadana
abadhaya samvattati,
"But, Bhikkhus, in as much as feeling is not the self, that is why feeling tends to sickness."
န စ လဗ္ဘတိ ဝေဒနာယ" ဧ၀ံ မေ ဝေဒနာ ဟောတုဧ၀ံ မေ ဝေဒနာ မာ အဟောသီ" တိ"ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ဝေဒနာသည် ဤသို့  မဖြစ်စေလင့်"
ဤသို့  မိမိတို့  အလိုဆန္ဒအတိုင်း ဝေဒနာ တရား၌ အခွင့် မရနိုင်။
na ca labbhati vedanaya -
'evam me vedana hotu
evam me vedana ma ahosi' ti.
And one cannot say of feeling,
"Thus let feeling be thus foe me, let feeling not be thus for me."
(၄)
သညာ အနတ္တာချစ်သားရဟန်းတို့  မှတ်သားမှု သညာအပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော
အနတ္တ အမှန်ပင်တည်း။
(4)
"Sanna anatta
Perception,
Bhikkhus, is not the self.
သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ နယိဒံသညာ အာဗာဓာယ သံဝတ္တေယျချစ်သားရဟန်းတို့  မှတ်သားမှု သညာအပေါင်းသည် ဧကန်စင်စစ် အလိုသို့ လိုက်သော
အတ္တသဘောရှိသည် ဖြစ်ပါမူကား ဤသညာသည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်
နှောက်ရှက်ခြင်းဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ ။
Sanna ca hadam, bhikkhave,
atta abhavissa, nayidam
sanna abadhaya samvatteya,
If perception, Bhikkhus, were the self, then perception would not tend to sickness.
လဗ္ဘေထ စ သညာယ" ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာ မာ အဟောသီ " တိ" ငါ၏ သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့  အလို့ ဆန္ဒအတိုင်း သညာတရား၌ အခွင့်ရနိုင်လေရာ၏။
labbhetha ca sannaya
'evam me sanna hotu,
evam me sanna ma ahosi' ti.
And one could say of perception " Thus let perception be thus for me, let perception not be thus for me."
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာတသ္မာ သညာ အာဗာဓာယ သံဝတ္တတိချစ်သားရဟန်းတို့  စင်စစ် အကြင်သို့ သော အကြောင်းကြောင့်လျှင် သညာတရားသည်
အလိုသို့ မလိုက်သော အနတ္တသဘောရှိချေ၏။ ထို့ ကြောင့် သညာတရားသည် အလိုသို့ 
မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာဖြစ်၏။
Yasma ca kho, bhikkhave,
sanna anatta,
tasma sanna abadhaya samvattati,
" But,
Bhikkhus, in as much as perception is not the self, that is why
perception tends to sickness.
နစ လမ္ဘတိ သညာယ" ဧ၀ံ မေ သညာ ဟောတုဧ၀ံ မေ သညာ မာ အဟောသီ" တိ" ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့  အလိုဆန္ဒအတိုင်း သညာ တရာ၌ အခွင့် မရနိုင်။
na ca labbhati sannaya -
'evam me sanna hotu,
evam me sanna ma ahosi' " ti.
And one cannot say of perception," Thus let perception be thus for me,
let perception not be thus for me."
(၅)
သင်္ခါရာ အနတ္တာချစ်သားရဟန်းတို့  ပြုပြင်စီရင်မှု သင်္ခါရတရား အပေါင်းတို့ သည် အစိုးမရ အလိုသို့ မလိုက်သော
အနတ္တ အမှန်ပင်တည်း။
(5)
"Sankhara anatta.
Mental fomation,
Bhikkhus, is not the self.
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေအတ္တာ အဘ၀ိဿံသု နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျချစ်သားရဟန်းတို့  ပြုပြင်စီရင်မှု သင်္ခါရ အပေါင်းတို့ သည် ဧကန်စင်စစ် အလိုသို့  လိုက်သော
အတ္တသဘောရှိသည်ဖြစ်ပါကုန်မူကား ဤသင်္ခါရတို့ သည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်
နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ မဖြစ်နုင်ကုန်ရာ။
Sankhara ca hidam, bhikkhave ,
atta abhavissamsu, nayidam
sankhara abadhaya samvatteyyum,
If mental formation,
Bhikkhus, were the self, then mental formation would not tend to sickness.
လဗ္ဘေထ စ သင်္ခါရေသု" ဧ၀ံ မေ သင်္ခါရာ ဟောန္တုဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ" ငါ၏ သင်္ခါရတို့ သည် ဤသို့ ဖြစ်ပစေကုန်၊ ငါ၏ သင်္ခါရတို့ သည် ဤသို့ မဖြစ်စေကုန်လင့်"
ဤသို့ မိမိတို့ အလိုဆန္ဒ အတိုင်း သင်္ခါရတရားတို့ ၌ အခွင့်ရနိုင်လေရာ၏။
labbhetha ca sankharesu
'evam me sankhara hontu,
evam me sankhara ma ahesun'ti
And one could say of mental formation, "Thus let mental formation be thus for me, let mental formation not be thus for me."
ယသ္မာ စ ခေါ ဘိက္ခဝေသင်္ခါရာ အနတ္တာ တသ္မာ အင်္ခါရာ အာဗာဓာယ သံဝတ္တန္တိချစ်သားရဟန်းတို့  စင်စစ် အကြင်သို့ သော အကြောင်းကြောင့်လျှင် သင်္ခါရတရားတို့ သည်
အလိုသို့ မလိုက်သော အနတ္တသဘောရှိချေကုန်၏။ ထို့ ကြောင့် သင်္ခါရတရားတို့ သည်
အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောက်ယှက်ဖောက်ပြန်ခြင်းငှာ ဖြစ်ကုန်၏။
Yasma ca kho bhikkhave,
sankhara anatta, tasma
sankhara abadhaya samvattanit,
But,
Bhikkhus, in as much as mental formation is not the self, that is why mental formation tends to sickness.
န စ လဗ္ဘတိ သင်္ခါရေသု" ဧ၀ံ မေ သင်္ခါရာ ဟောန္တုဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ" ငါ၏ သင်္ခါရတို့ သည် ဤသို့ ဖြစ်ပလေစေကုန် ငါ၏ သင်္ခါရတို့ သည် ဤသို့ မဖြစ်စေကုန်လင့်"
ဤသို့  မိမိတို့  အလို ဆန္ဒအတိုင်း သင်္ခါရတရားတို့ ၌ အခွင့်မရနိုင်။
na ca labbhati sankharesu -
' evam me sankhara hontu,
evam me sankhara ma ahesun' " ti.
And one cannot say of mental formation, "Thus let mental formation be thus for me, let mental formation not be thus for me."
(၆)
ဝိညာဏံ အနတ္တာချစ်သား ရဟန်းတို့  သိမှုဝိညာဉ်သည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တအမှန်ပင်တည်း။
(6)
"Vinnanam anatta.
Consciousness,
Bhikkhus, is not the self.
ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေအတ္တာ အဘ၀ိဿ နယိဒံဝိညာဏံ အာဗာဓာယ သံဝတ္တေယျချစ်သားရဟန်းတို့  သိမှုဝိညာဉ် အပေါင်းသည် ဧကန်စင်စစ် အလိုသို့ လိုက်သော
အတ္တသဘောရှိသည်ဖြစ်ပါမူကား ဤ၀ိညာဉ်သည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်
နှောက်ယှက် ဖောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
Vinnanan ca hidam, bhikkhave,
atta abhavissa, nayidam
vinnanam abadhaya samvatteyya,
If consciousness,
Bhikkhus, were the self,then consciousness would not tend to sickness.
လဗ္ဘေထ စ ၀ိညာဏေ" ဧ၀ံ မေ ၀ိညာဏံ ဟောတုဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ" ငါ၏၀ိညာဉ်သည် ဤသို့ ဖြစ်ပလေစေ ငါ၏ ၀ိညာဉ်သည် ဤသို့ မဖြစ်စေလင့်" ဤသို့  မိမိတို့ 
အလိုဆန္ဒအတိုင်း ၀ိညာဉ်တရား အပေါင်း၌ အခွင့်ရနိုင်လေရာ၏။
labbhetha ca vinnane-
'evam me vinnanam hotu,
evam me vinnanam ma ahosi' " ti.
And one could say of consciousness, " Thus, let consciousness be thus for me, let consciousness not be thus for me.
ယသ္မာ စ ခေါ ဘိက္ခေ၀၀ိညာဏံ အနတ္တာတသ္မာ ၀ိညာဏံ အာဗာဓာယ သံဝတ္တတိချစ်သားရဟန်းတို့  စင်စစ် အကြင်သို့ သော အကြောင်းကြောင့်လျှင် ၀ိညာဉ်တရားသည်
အလိုသို့ မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ ကြောင့် ၀ိညာဉ်တရားသည် အလိုသို့ မလိုက်ပါဘဲ
ကျင်နာခံခက် နှောက်ယှက်ဖောက်ပြန်ခြင်းငှာ ဖြစ်၏။
Yasma ca kho, bhikkhave,
vinnanam anatta,
tasma vinnanam abadhaya samvattati,
"But,
Bhikkhus, in as much as consciousness is not the self, that is why consciousness tends to sickness."
န စ လဗ္ဘတိ ၀ိညာဏေ" ဧ၀ံ မေ ၀ိညာဏံ ဟောတုဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ" ငါ၏ ၀ိညာဉ်သည် ဤသို့ ဖြစ်ပလေစေ ငါ၏ ၀ိညာဉ်သည် ဤသို့ မဖြစ်စေလင့်"
ဤသို့  မိမိတို့ အလိုဆန္ဒအတိုင်း ၀ိညာဉ်၌ အခွင့် မရနိုင်။
na ca labbhati vinnane-
'evam me vinnanam hotu,
evam me vinnanam ma ahosi' " ti.
And one cannot say of consciousness, "Thus let consciousness be thus for me, let consciousness not be thus for me."
သုတ္တန် ဒုတိယ ပိုင်းသို့ To Second part of this suttamဒေါင်းပျို
(၁၅ ဇန်န၀ါရီ ၂၀၀၈) ၂၀း၁၄ နာရီ