ဒီနေ့  သီးလေးသီး အငြိမ့် (ဘန်ကောက်) ကိုကြည့်ပြီးတော့ သူတို့ အတွက် တကယ်ကို ဂုဏ်ယူမိတယ်။ သူတို့  ဟာ နောင်သိပ်မကြာတဲ့ ကာလ မြန်မာပြည် အာဏာရှင်ကိုဖြုတ်ချလိုက်တဲ့ သမိုင်းမှာ ပါဝင်သွားမှာဖြစ်တဲ့ အနုပညာရှင် သူရဲကောင်းတွေ။ ပြည်သူ့ ကို ချစ်တဲ့ အနုပညာသမားဆိုတာ သူတို့  မှ အစစ်ပဲ။ ပရိတ်သတ်ကြီး ကို ချစ်ပါတယ်။ လေးစားပါတယ် ဆိုပြီး အမျိုးမျိုးပြောခဲ့တဲ့ သူတွေနဲ့  ယှဉ်ကြည့်လိုက်ရင် ယှဉ်မရအောင်ကို ကွာခြားသွားပြီ။ ပါစပ်ကပဲ ပြောနေကြတဲ့ သူတွေနဲ့  လက်တွေ့ လုပ်ကြတဲ့ သူတွေ တကယ်ကို ကွာလွန်းတယ်။ သီလေးသီး လူရွင်တော်တွေ ၊ ကိုဂေါ်ဇီလာ၊ မင်းသမီး နှစ်လက် နဲ့ တခြား ပါဝင်ပံ့ပိုးပေးတဲ့ သူတွေကို လေးစားတယ်။ သူတို့ အငြိမ့်ကို ကြည့်ပြီး မြန်မာလူမျိုးတွေရဲ့  အမွေအနှစ် ကိုလည်း နှစ်သက် ချစ်မြတ်နိုးမှု ဖြစ်လာတယ်။ ဒီလိုပဲ နှစ်သက်စရာ ကောင်းမယ့် ၊ ချစ်စရာကောင်းမယ့် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု့ အမွေတွေအများရှိကြဦးမယ်။ ကျွန်တော်တို့  တောင်ပေါ်နေ တိုင်း ရင်းသားတွေမှာလည်း ယဉ်ကျေးမှု ကိုယ်စီရှိကြတာပဲ။ကျွန်တော်တို့ ဟာ ရိုးရာယဉ်ကျေးမှု တွေကိုလည်း နှစ်သက်လေးစား တက်ရမယ်။ ကောင်းမွန်သော တခြားယဉ်ကျေးမှု့ များကို လက်ခံဖို့ လည်း အသိညဏ်နဲ့  ရင်ဘတ်များကို ဖွင့်ထားရမယ်။ ဒီအာဏာရှင်အောက်မှာတော့ ကောင်းမွန်မှု ဆိုတာ ဘယ်သောအခါမှ ရှိလာမှာ မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့  ရဲ့  ယဉ်ကျေးမှု တွေအတွက် ၊ ကျွန်တော်တို့ ရဲ့  ကိုးကွယ်ရာ ဘာသာတွေ အတွက်၊ ကျွန်တော်တို ရဲ့  မျိုးဆက်တွေအတွက်၊ ကျွန်တော်တို့  ခင်ဗျားတို့ ရဲ့ ဖဒရယ် ပြည်ထောင်စု ကြီးအတွက် အာဏာရှင်ကို တိုက်မဲ့ ကျွန်တော်တို့ ရဲ့  တွဲလက်တွေ မြဲကြစေ၊ ခိုင်မာကြစေ၊ ညီကြစေစို့ ..။
သီလေးသီး အငြိမ့် (ဘန်ကောက်) ကို အောက်က လင့်ခ်တွေမှာ သွားကြည့်လို့ ရတယ်။ အားပေးကြပါ။
တင်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စလုံး အငြိမ့်ကို လည်း စောင့်နေပါမယ်။
brightcove mizzimaburmeseဒေါင်းပျို