:..daungpyo@gmail.com..:

Friday, February 29, 2008

ကျွန်တော်ပိုစ့်တစ်ပုဒ် တော့ရေးသေးတယ်။ မတင်ဖြစ်ဘူး။ ဘလော့ပေါ်ကနေ ဘာဖြင့်သင့်တယ်၊ ဘာဖြစ်ရမယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်။ ဒါတွေ ပြောပြီးငြင်းမနေချင်တော့ဘူး။ ဒီအချိန်အခါက အွန်လိုင်းပေါ်ကနေ အော်ရတော့မယ့် အချိန်မဟုတ်တော့ဘူး။ ကျွန်တော်အတွက် ပြောတာဖြစ်တယ်။ ခေါင်းဆောင်တွေ ၊ ဦးဆောင်သူတွေကတော့ သူတို ရဲ့ လမ်းကြောင်းကို ပြောဖို့  ဘလော့ကြရဦးမှာပဲ။ နောက်ပြီး ကျွန်တော် ဘလော့က သတင်း ဘလော့လည်းမဟုတ်ဘူး။ ကျွန်တော်တော့ ပြင်ဆင်စရာပြင်ဆင်ရတော့မယ်။ နအဖရဲ့  ကြေညာချက်နှစ်စောင်က တော်တော် တာသွားတယ်။ ကြည့်လိုက်တာ လူတွေ ပျာယာခတ် လမ်းကြောင်းတွေေ၀၀ါးရှုပ်ထွေးကုန်တယ်။ လမ်းကြောင်းပြောင်းလည်းတာကလည်း အလွန်မြန်သွားတယ်။ တဦးတည်း ဆန္ဒ အနေနဲ့ ဖြစ်စေချင်တာတော့ လူထုအားနဲ့  အပြုတ်လုပ်ဖို့ ပါ။ လူထုက ပါမလား။ ရိုးရိုးသားသားပြောရရင် မသေချာဘူး။ ဒီတော့ ဒီရက်ပိုင်း ကျွန်တော် ဘာလုပ်မလဲဆိုတာပဲ တွေးဖြစ်တယ်။ ကိုယ်ဘာလုပ်နိုင်မလဲ။ ဘယ်နေရာကနေပါမလဲ။ ကိုယ်လုပ်မယ့် ကိစ္စအတွက် ဘာတွေ ပြင်ရမလဲ။ ဒီလောက်ပါပဲ။ ဒေါ်စု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ၈၈ ကျောင်းသားအုပ်စုကို ကျွန်တော့် ဦးဆောင်သူတွေအနေနဲ့  စိတ်ထဲထားတယ်။ သူတို ဘာလုပ်မလဲ။ သူတို့ လုပ်မယ့် ဟာကို ပြည်သူတစ်ယောက်အနေနဲ့ ၊ လူငယ်တစ်ယောက်အနေနဲ့ လိုက်လုပ်ဖိုပဲ။

တစ်ခုတော့ ပြောချင်တယ်။ မြန်မာပြည်ကို ချစ်တယ်။ အာဏာရှင်ကိုမုန်းတယ်ဆိုတဲ့ သူများ။ မြန်မာပြည်ကြီးတိုးတက် လွတ်လပ်စေချင်တယ်ဆိုသူများ။ ဒါဟာ ခင်ဗျားတို့ ၊ ကျွန်တော်တို့ မြန်မာပြည်ကို ဘယ်လောက် ချစ်တယ်ဆိုတာကို ပြဖို့ ၊ ဟုတ်လား၊ ခင်ဗျားတို့ သွေးတွေ ဘယ်လောက်နီတယ်ဆိုတာပြဖို့ ၊ အပြောသက်သက်တင်မဟုတ်ဘဲ၊ ဗမာတွေ ဆိုတာ လက်တွေ့ မှာလည်း ရဲတယ်ဆိုတာ ပြဖို့  အခွင့်အခါကောင်းဆိုတာ တွေးကြည့်ကြပါ။
အောင်မြင်တာ ၊ မအောင်မြင်တာတော့ ဘာမှမပြောနိုင်ဘူး။ ဒါပေမယ့်၊ ဗိုလ်ချုပ်စကားလိုပဲ -

ကျနော်တို့ ဟာ ဘာအလုပ်ကို လုပ်လုပ် ပြီးတဲ့အထိ၊ နောက်ဆုံး တနေ့  ပြီးတဲ့ အချိန်မယ် ရှုံးမယ်ထင်သည် ဖြစ်စေ၊ နိုင်မယ်ထင်သည် ဖြစ်စေ မလျှော့တမ်းဇွဲနဲ ကျနော်တို လုပ်ကြ ရမယ်။

နောက်တစ်ခုက ဘလော့တွေ သွေးရူးတန်းရူး လျှောက်မအော်ပါနဲ့ ။ တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်တို့ ၊ ဘာတို့ ညာတို့ ၊ ဟုတ်လား။ ဗိုလ်ချုပ် ကတိပေးခဲ့တယ်ဆိုတာ ကမ္ဘာ့အခြေအနေ၊ သူ့ နောက်မှာ ရှိတဲ့ လူထုအား၊ အင်္ဂလန်ရဲ့ အနေအထား ကို သုံးသပ်ပြီးမှ ကတိပေးခဲ့တာဖြစ်တယ်။ ခင်ဗျားတို့ လည်း သုံးသပ်၊ ပြီးမှ အော်ချင်တယ်ဆိုလည်း တစ်မျိုး။ မီဒီယာတိုက်ခိုက်တယ်ဆိုရင်လည်း တက်နိုင်သမျှ အဆင့်အတန်းရှိရှိ ပြောဆိုသုံးသပ်တိုက်ခိုက်ကြပါ။ လူတွေကို မဟုတ်ကဟုတ်ကပြောပြီး မလုပ်ချင်ပါနဲ့ ။ စိတ်ပိုင်းဆိုင်ရာ၊ ဆိုက်ကိုပိုင်းဆိုင်ရာ တက်ကြွအောင်ဆိုလည်း အဆင့်ရှိရှိ လုပ်စရာတွေ အများကြီပဲ။

ပြည်ပရောက်မြန်မာလူမျိုးများကို တောင်းဆိုချင်ပါတယ်။ လူကိုယ်တိုင် မပါဝင်နိုင်ခဲ့လျှင်သော်မှ၊ တော်လှန်ရေးအတွက် ရန်ပုံငွေ၊ မတည်ငွေ တွေကို များများထည့်ကြပါလို့  ဗြောင်ပဲ တောင်းဆိုချင်တယ်။ ဘဏ်ထဲမှာ ထောင်သောင်းသိမ်းထားပြီး၊ နှစ်ပြားတစ်ပဲထည့်ပြီး၊ မြန်မာပြည် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုရင်တော့ ခင်ဗျားတို့ ကြောင့် ဖြစ်တာလို့ ပြောရမှာပဲ။

ကျွန်တော်တို့ ခေါင်းဆောင်တွေကို လည်းတစ်ခုလောက်တောင်းဆိုချင်ပါတယ်။ ဘာတွေ လုပ်နေကြလည်းဆိုတာ ပြည်သူသိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ရန်သူ ဗျူဟာသိကုန်မှာပေါ့လို့ တော့ ကလေးစကား ၀င်မပြောကြပါနဲ့ ။ မသိအောင် ပြည်သူလည်း မေ၀၀ါးအောင် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ အရင်တုန်းကလည်း မသိအောင်လုပ်နေတာပဲ၊ မအောင်မြင်ပါဘူး။ ဒီတော့ နည်းနည်းဖြစ်စေ လမ်းကြောင်းလေးဖြစ်စေ ပြည်သူကို သိစေချင်တယ်။ ဘာလုပ်မယ်ဆိုတာလောက်တော့ပြည်သူကို အသိပေးနိုင်မယ်လို့ မျှော်လင်တယ်။ကိုမိုးသီးဇွန်ဘလော့ကို သွားတယ်၊ ဟိုဟိုဒီဒီကလွဲရင် ဘာမှ မတွေ့ ရဘူး။ မျှော်လင့်နေတာတွေ ဘာမှ မကြားရဘူး။ ပြည်သူလူထုကြီး ၊ ပညာတက်လူငယ်တွေ အာလုံး နောက်က လိုက်ပါဖို့ ဆို ခိုင်မာတဲ့၊ မှန်ကန်တဲ့ လမ်းကြောင်းရှိတဲ့ ခေါင်းဆောင်ဖြစ်မှန်း သိကြဖို့ လိုပါတယ်။ ယုံကြည့်မှု ရှိမှ ပြည်သူက လိုက်မှာပါ။

နောက်ဆုံးအနေနဲ့  ငါတို့ ကတော့ မလုပ်နိုင်ဘူး၊ ဒီလောက်ပဲလုပ်နိုင်မယ်လို့  ကိုယ့်ကိုကိုယ် ညှာတွေးနေသူတွေ - ခြေလှမ်း စလှမ်းလိုက်တာနဲ ခရီးဆိုတာ ဖြစ်သွားတာပဲ။ လမ်းကြောင်းဆိုတာ ပေါ်လာတာပဲ။ ခရီးက ကောင်းရင်ကောင်းမယ် ဆိုးရင်ဆိုးမယ် မသေချာပေမယ့် အပေါ်က ဗိုလ်ချုပ်စကားပဲ နှလုံးသွင်းကြပေတော့။ ကိုယ်တွေးတာထက် ပိုလုပ်နိုင်ကြပါစေ။

ဒါလောက်ပါပဲ။
အောင်မြင်ပါစေ။

ဒေါင်းပျို

No comments: