:..daungpyo@gmail.com..:

Friday, February 29, 2008

ကျွန်တော်ပိုစ့်တစ်ပုဒ် တော့ရေးသေးတယ်။ မတင်ဖြစ်ဘူး။ ဘလော့ပေါ်ကနေ ဘာဖြင့်သင့်တယ်၊ ဘာဖြစ်ရမယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်။ ဒါတွေ ပြောပြီးငြင်းမနေချင်တော့ဘူး။ ဒီအချိန်အခါက အွန်လိုင်းပေါ်ကနေ အော်ရတော့မယ့် အချိန်မဟုတ်တော့ဘူး။ ကျွန်တော်အတွက် ပြောတာဖြစ်တယ်။ ခေါင်းဆောင်တွေ ၊ ဦးဆောင်သူတွေကတော့ သူတို ရဲ့ လမ်းကြောင်းကို ပြောဖို့  ဘလော့ကြရဦးမှာပဲ။ နောက်ပြီး ကျွန်တော် ဘလော့က သတင်း ဘလော့လည်းမဟုတ်ဘူး။ ကျွန်တော်တော့ ပြင်ဆင်စရာပြင်ဆင်ရတော့မယ်။ နအဖရဲ့  ကြေညာချက်နှစ်စောင်က တော်တော် တာသွားတယ်။ ကြည့်လိုက်တာ လူတွေ ပျာယာခတ် လမ်းကြောင်းတွေေ၀၀ါးရှုပ်ထွေးကုန်တယ်။ လမ်းကြောင်းပြောင်းလည်းတာကလည်း အလွန်မြန်သွားတယ်။ တဦးတည်း ဆန္ဒ အနေနဲ့ ဖြစ်စေချင်တာတော့ လူထုအားနဲ့  အပြုတ်လုပ်ဖို့ ပါ။ လူထုက ပါမလား။ ရိုးရိုးသားသားပြောရရင် မသေချာဘူး။ ဒီတော့ ဒီရက်ပိုင်း ကျွန်တော် ဘာလုပ်မလဲဆိုတာပဲ တွေးဖြစ်တယ်။ ကိုယ်ဘာလုပ်နိုင်မလဲ။ ဘယ်နေရာကနေပါမလဲ။ ကိုယ်လုပ်မယ့် ကိစ္စအတွက် ဘာတွေ ပြင်ရမလဲ။ ဒီလောက်ပါပဲ။ ဒေါ်စု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ၈၈ ကျောင်းသားအုပ်စုကို ကျွန်တော့် ဦးဆောင်သူတွေအနေနဲ့  စိတ်ထဲထားတယ်။ သူတို ဘာလုပ်မလဲ။ သူတို့ လုပ်မယ့် ဟာကို ပြည်သူတစ်ယောက်အနေနဲ့ ၊ လူငယ်တစ်ယောက်အနေနဲ့ လိုက်လုပ်ဖိုပဲ။

တစ်ခုတော့ ပြောချင်တယ်။ မြန်မာပြည်ကို ချစ်တယ်။ အာဏာရှင်ကိုမုန်းတယ်ဆိုတဲ့ သူများ။ မြန်မာပြည်ကြီးတိုးတက် လွတ်လပ်စေချင်တယ်ဆိုသူများ။ ဒါဟာ ခင်ဗျားတို့ ၊ ကျွန်တော်တို့ မြန်မာပြည်ကို ဘယ်လောက် ချစ်တယ်ဆိုတာကို ပြဖို့ ၊ ဟုတ်လား၊ ခင်ဗျားတို့ သွေးတွေ ဘယ်လောက်နီတယ်ဆိုတာပြဖို့ ၊ အပြောသက်သက်တင်မဟုတ်ဘဲ၊ ဗမာတွေ ဆိုတာ လက်တွေ့ မှာလည်း ရဲတယ်ဆိုတာ ပြဖို့  အခွင့်အခါကောင်းဆိုတာ တွေးကြည့်ကြပါ။
အောင်မြင်တာ ၊ မအောင်မြင်တာတော့ ဘာမှမပြောနိုင်ဘူး။ ဒါပေမယ့်၊ ဗိုလ်ချုပ်စကားလိုပဲ -

ကျနော်တို့ ဟာ ဘာအလုပ်ကို လုပ်လုပ် ပြီးတဲ့အထိ၊ နောက်ဆုံး တနေ့  ပြီးတဲ့ အချိန်မယ် ရှုံးမယ်ထင်သည် ဖြစ်စေ၊ နိုင်မယ်ထင်သည် ဖြစ်စေ မလျှော့တမ်းဇွဲနဲ ကျနော်တို လုပ်ကြ ရမယ်။

နောက်တစ်ခုက ဘလော့တွေ သွေးရူးတန်းရူး လျှောက်မအော်ပါနဲ့ ။ တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်တို့ ၊ ဘာတို့ ညာတို့ ၊ ဟုတ်လား။ ဗိုလ်ချုပ် ကတိပေးခဲ့တယ်ဆိုတာ ကမ္ဘာ့အခြေအနေ၊ သူ့ နောက်မှာ ရှိတဲ့ လူထုအား၊ အင်္ဂလန်ရဲ့ အနေအထား ကို သုံးသပ်ပြီးမှ ကတိပေးခဲ့တာဖြစ်တယ်။ ခင်ဗျားတို့ လည်း သုံးသပ်၊ ပြီးမှ အော်ချင်တယ်ဆိုလည်း တစ်မျိုး။ မီဒီယာတိုက်ခိုက်တယ်ဆိုရင်လည်း တက်နိုင်သမျှ အဆင့်အတန်းရှိရှိ ပြောဆိုသုံးသပ်တိုက်ခိုက်ကြပါ။ လူတွေကို မဟုတ်ကဟုတ်ကပြောပြီး မလုပ်ချင်ပါနဲ့ ။ စိတ်ပိုင်းဆိုင်ရာ၊ ဆိုက်ကိုပိုင်းဆိုင်ရာ တက်ကြွအောင်ဆိုလည်း အဆင့်ရှိရှိ လုပ်စရာတွေ အများကြီပဲ။

ပြည်ပရောက်မြန်မာလူမျိုးများကို တောင်းဆိုချင်ပါတယ်။ လူကိုယ်တိုင် မပါဝင်နိုင်ခဲ့လျှင်သော်မှ၊ တော်လှန်ရေးအတွက် ရန်ပုံငွေ၊ မတည်ငွေ တွေကို များများထည့်ကြပါလို့  ဗြောင်ပဲ တောင်းဆိုချင်တယ်။ ဘဏ်ထဲမှာ ထောင်သောင်းသိမ်းထားပြီး၊ နှစ်ပြားတစ်ပဲထည့်ပြီး၊ မြန်မာပြည် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုရင်တော့ ခင်ဗျားတို့ ကြောင့် ဖြစ်တာလို့ ပြောရမှာပဲ။

ကျွန်တော်တို့ ခေါင်းဆောင်တွေကို လည်းတစ်ခုလောက်တောင်းဆိုချင်ပါတယ်။ ဘာတွေ လုပ်နေကြလည်းဆိုတာ ပြည်သူသိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ရန်သူ ဗျူဟာသိကုန်မှာပေါ့လို့ တော့ ကလေးစကား ၀င်မပြောကြပါနဲ့ ။ မသိအောင် ပြည်သူလည်း မေ၀၀ါးအောင် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ အရင်တုန်းကလည်း မသိအောင်လုပ်နေတာပဲ၊ မအောင်မြင်ပါဘူး။ ဒီတော့ နည်းနည်းဖြစ်စေ လမ်းကြောင်းလေးဖြစ်စေ ပြည်သူကို သိစေချင်တယ်။ ဘာလုပ်မယ်ဆိုတာလောက်တော့ပြည်သူကို အသိပေးနိုင်မယ်လို့ မျှော်လင်တယ်။ကိုမိုးသီးဇွန်ဘလော့ကို သွားတယ်၊ ဟိုဟိုဒီဒီကလွဲရင် ဘာမှ မတွေ့ ရဘူး။ မျှော်လင့်နေတာတွေ ဘာမှ မကြားရဘူး။ ပြည်သူလူထုကြီး ၊ ပညာတက်လူငယ်တွေ အာလုံး နောက်က လိုက်ပါဖို့ ဆို ခိုင်မာတဲ့၊ မှန်ကန်တဲ့ လမ်းကြောင်းရှိတဲ့ ခေါင်းဆောင်ဖြစ်မှန်း သိကြဖို့ လိုပါတယ်။ ယုံကြည့်မှု ရှိမှ ပြည်သူက လိုက်မှာပါ။

နောက်ဆုံးအနေနဲ့  ငါတို့ ကတော့ မလုပ်နိုင်ဘူး၊ ဒီလောက်ပဲလုပ်နိုင်မယ်လို့  ကိုယ့်ကိုကိုယ် ညှာတွေးနေသူတွေ - ခြေလှမ်း စလှမ်းလိုက်တာနဲ ခရီးဆိုတာ ဖြစ်သွားတာပဲ။ လမ်းကြောင်းဆိုတာ ပေါ်လာတာပဲ။ ခရီးက ကောင်းရင်ကောင်းမယ် ဆိုးရင်ဆိုးမယ် မသေချာပေမယ့် အပေါ်က ဗိုလ်ချုပ်စကားပဲ နှလုံးသွင်းကြပေတော့။ ကိုယ်တွေးတာထက် ပိုလုပ်နိုင်ကြပါစေ။

ဒါလောက်ပါပဲ။
အောင်မြင်ပါစေ။

ဒေါင်းပျို

Monday, February 25, 2008


ဝမ်းနည်းဖွယ် မန္တလေးမြို့  ရတနာပုံဈေးမီးလောင်ဓာတ်ပုံများ
(အီးမေလ်းမှ ထပ်ဆင့်ပို့ လာသူများကို ကျေးဇူးတင်ပါသည်။)






Tuesday, February 19, 2008


ကရင်သူရဲကောင်း ဖဒိုမန်းရှာ လာဖန်း

Saturday, February 16, 2008

ကေအင်ယူ အထွေထွေ အတွင်းရေးမှူး အဘ ဖဒိုမန်းရှာ ဆုံးသွားတဲ့ အတွက် စိတ်ထဲကနေ တုန်လုပ်မိသလို ၀မ်းလည်း ၀မ်းနည်းမိပါတယ်။ သတင်းဖတ်ရတဲ့ အချိန်မှာ ကျွန်တော်ဟာ မင့်သက်နေခဲ့တယ်။ ကျွန်တော် ဟာ သာမန် လူငယ်သက်သက်ပါ။ အဘ ဖဒိုမန်းရှာကို ကျွန်တော် မသိကျွမ်းဘူး။ ဒါပေမယ့် သူရဲ့ အင်တာဗျူးတွေ ကြားဖူးတယ်။ ကရင် ခေါင်းဆောင်တစ်ဦးအနေနဲ့  ကျွန်တော် သိခဲ့တယ်။ နောက်ပိုင်း နိုင်ငံ အပေါ် စိတ်ဝင်စားမှုတွေ ရှိလာတဲ့ အခါ အဘ ဖဒိုမန်းရှာကို ပြည်ထောင်စုစနှစ်အတွက်၊ ကရင့်ပြည်သူတွေ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လုပ်ဆောင်နေတဲ့ သူအဖြစ်လည်း လေးစားခဲ့တယ်။

အခု သူဟာ လုပ်ကြံ ခံလိုက်ရတယ်။ ဘာကြောင့်လဲ။
ကမ္ဘာမှာ အခုနောက်ပိုင်း လုပ်ကြံတာတွေဟာ ဟိုးအရင်ကထက် ပိုပြီး ဖြစ်နေသလိုပဲ။ ပါကစ္စတန်၊ သိရိလင်္ကာ၊ ဆူဒန်၊ ကင်ညာ၊ အရှေ့ တီမော။ သတင်းတွေ ကြည့်လိုက်ရင် ၀န်ကြီးချုပ်ကို လုပ်ကြံတယ်။ သမ္မတကို လုပ်ကြံတယ်။ အတိုက်အခံကို လုပ်ကြံတယ်။ သေနတ်နဲ့  ပစ်တယ်။ အသေခံ ဗုံးခွဲတယ်။ အောက်လမ်းနည်း တွေကို သုံးလာကြတာပဲ။ ဒါမျိုး ဟာ အကြမ်းဖက် စစ်စစ် ဖြစ်ပါတယ်။ ကျွန်တော် တစ်ခုတွေ့ မိတာရှိပါတယ်။ အဲလိုလုပ်ကြံလိုက်လို့  လုပ်ကြံသူတွေ လိုချင်တာ ရသွားလားဆို ဘယ်တော့ မှ မရသွားကြဘူး။ အဖွဲ့ အ စည်းတွေ ဟာ လူထက် မူပေါ်မှာ တည်ဆောက်ထားကြတာပါ။ လူတော်တွေ အလုပ်ကြံခံရလို့  အင်အားနည်းသွားတယ်ဆိုပေမယ့် လုံးဝ ပျက်စီးသွားလောက်အောင် မဖြစ်ခဲ့ပါဘူး။ အစိုးရကိုပဲ ဖြစ်စေ၊ အတိုက်ခံ ကို ပဲဖြစ်စေ ၊ အချင်းချင်းပဲ ဖြစ်စေ လုပ်ကြံလိုက်လို့  ဆုတ်ယုတ်သွားတာပဲ ရှိတယ်။ ဒါမှမဟုတ် ပိုနေမြဲ ကျားနေမြဲ ပဲ။ လုပ်ကြံလိုက်လို့ လိုချင်တာ ရမသွားကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံလိုက်လို့ ဦးစော ခေါင်းဆောင် မဖြစ်ခဲ့ဘူး။ မြန်မာနိုင်ငံကို အင်္ဂလိပ်ဆက်ပြီး မအုပ်ချုပ်နိုင်ခဲ့ဘူး။ ပြည်သူတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်ပေါ်ခဲ့တယ်။ ဒီလို ပါပဲ။ အခု အဘ ဖဒိုမန်းရှာ ကို လုပ်ကြံလိုက်လို့ ကေအင်ယူ ပြိုကွဲမသွားဘူးလို့ ယုံကြည်ပါတယ်။ ဒီမိုကရေစီရဖို့ လုပ်နေတဲ့ သူတွေလည် အတွက်အင်းအားနည်း သွားတာပဲရှိပါတယ်။ ပျက်စီးမသွားပါဘူး။ ဒါပေမယ့် အနာဂတ်တိုင်းပြည်အတွက်တော့ ထိခိုက်လာပါမယ်။ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်တဲ့ အခါ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ လိုပါတယ်။ အဲလို လူတွေ ဆုံးရှုံးတာဟာ တိုင်းပြည်ပဲ ထိခိုက်နစ်နာပါတယ်။

ရွယ်ရည်ချက်က ဘာလဲ၊ ဘာကို လိုချင်လို့  လုပ်ကြံကြတာလဲ။ တိုင်းပြည်အတွက် လုပ်ကြံကြတာ။ ပြည်သူအတွက် လုပ်ကြံကြတာဆိုရင်တော့ ဒါဟာ အောက်တန်းကျတဲ့ နည်းပဲဖြစ်ပါတယ် ။ နည်းလမ်းမမှန်တဲ့ အခါ အကျိုးဖြစ်ထွန်းမှုဆိုတာလည်းမဖြစ်နိုင်ဘူး။ သဘောထား အမြင် ကွဲလွဲယုံလို့  လုပ်ကြံတယ်ဆိုရင်လည်း လုပ်ကြံမှုကို ပြုစေတဲ့ သူဟာ အဆင့် အတန်းရှိတဲ့သူ မဖြစ်နိုင်ပါဘူး။ နောက်ကွယ်က အကြောင်းတွေ ကျွန်တော်မသိပါ။ ဒါပေမယ့် အကြမ်းဖြင်းအားဖြင့်တော့ လုပ်ကြံတယ်ဆိုတာ အကျိုးရှိမှု နည်းပါတယ်။ အယုတ်စွဆုံး သန်းရွှေကို လုပ်ကြံတယ်ဆိုရင်တောင် ဒီမိုကရေစီအစိုးရ ပြောင်းသွားသလိုမျိုး ပြောင်းလည်းမှုကို ကြီးကြီးမှားမှား မဖြစ်စေလောက်ပါ။ သန်းရွှေနောက်တွင် သန်းရွေလိုလူတွေ အများကြီးရှိပါဦးမည်။
ဒီမိုကရေစီရလိုလျှင် ကျွန်တော်တို လုပ်သင့်သည်မှာ လက်နက်ကိုင် တိုက်ပွဲ ၀င်ရမည်ဆိုလျှင် လက်နက်ကိုင်တိုက်ပါ။ လူထုတိုက်ပွဲဆိုလျှင် လူထုအားနှင့် အာဏာရှင်ပြုတ်ကျအောင် လုပ်ပါ။ နှစ်ခုလုံးလအပိုလျှင် နှစ်ခုလုံးလုပ်ပါ။ သန်းရွေကိုလုပ်ကြံနိုင်ခြင်း နှင့် အာဏာရှင်စနှစ်ပြုတ်ကျသွားခြင်းသည် တထပ်တည်း ဖြစ်ချင်မှဖြစ်ပါမယ်။ မဖြစ်ဖို့ များပါတယ်။ ဖြစ်မည်ဆိုလျှင်တော့ ဘာမှမပြောလိုပါ။ ဒါပေမယ့် သေချာစဉ်းစား သင့်ပါတယ်။

ကျွန်တော် အကြမ်းဖက်မှုကို အားမပေးပါ။ တိုက်ပွဲအတွင်းမှာ ၊ ဆန္ဒပြပွဲအတွင်းမှာ ၊ အပြန်အလှန်တိုက်ခိုက်ကြ တာမျိုးကို ဘာမှ မပြောလိုပါ။ ဒါပေမယ့် ဒီလို လုပ်ကြံတာမျိုးကိုတော့ အကြမ်းဖက်မှု စစ်စစ် အဖြစ် ကျွန်တော် ယူဆပါတယ်။

ဖဒိုမန်းရှာ သေသွားတဲ့ အတွက် ၀မ်းနည်းပါတယ်။ ထပ်ပြီး မဖြစ်အောင်လည်း ခေါင်းဆောင်တွေ သတိထားနေကြမယ်လို့ မျော် လင့်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဆုံးရှုံးသွားတိုင်း ပြည်သူတွေပဲ ဒုက္ခရောက်ကြရတယ်ဆိုတာ ငြင်းမရပါဘူး။

ဒေါင်းပျို

Wednesday, February 13, 2008

ကျွန်တော်တို့ ရဲ့  ဖေဖေါ်ဝါရီ ၁၃

ဗိုလ်ချုပ် မျှော်မှန်းခဲ့သော ပြည်ထောင်စု နိုင်ငံတော် ရအောင်ကြိုးစားကြစို့ ။

ဒေါင်းပျို

Tuesday, February 12, 2008

ပြည်ထောင်စု နေ့ ဒို့ မမေ့


ဒုတိယပုံကို ကိုပြည့်စုံ ဘလော့ မှ ယူသည်။

Saturday, February 9, 2008

ကိုမိုးသီးဇွန် ရဲ့ ဘလော့ကပိုစ့် တစ်ခု။ သူစဉ်းစားသလို ကျွန်တော် တိုလည်း တာဝန်ရှိလာပါပြီ။
တစ်ခုက ကိုစိုင်းမွန်က အီးမေလ်နဲ့  ဖြန့် လိုက်တဲ့ စာပါ။ သူတို့ ကို ကျွန်တော်မသိကျွမ်းပါဘူး။ ဒါပေမယ့် ဖတ်ပြီး စဉ်းစားကြပါ၊ လုပ်ကိုင်သင့်သည်များကို လုပ်ကိုင်ဖို့ အားထုတ်ကြရမယ်။

ဒေါင်းပျို


စစ်အစိုးရ က တိုက်ပွဲ ခေါ်လိုက်ပြီ ၊ တုန့် ပြန် ကြစို့  ။

စစ်အစိုးရ ကမေလမှာ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပဖို့ ကြေညာ လိုက်ပါပြီ။ ရွေးကောက်ပွဲကိုတော့ ၂၀၁၀ မှာ ပြုလုပ်မယ်လို့  အေပီသတင်း မှာဖေါ်ပြထားပါတယ်။ ဒါဟာ စစ်အစိုးရဟာ အာဏာကို တလက်မမှ မလျော့ ဘူးလို မျက်နာ့ပြောင်တိုက် ကြေညာလိုက်ပြီဖြစ်ပါတယ်။

မေးခွန်းကတော့

၁- ငါတို့ ဘာလုပ်ကြမလည်း
၂- ဆန္ဒခံယူပွဲ ကို ၁၉၇၄ ခုနစ်တုံးကလို ပဲ လက်ပိတ်ကြည့် နေမလား
၃- တိုက်မလား
၎- တိုက်မယ်ဆိုရင် ဘယ်လို တိုက်မလည်း
၅- ဘယ်သူ ခေါင်ဆောင်မလည်း
၆- သေနဂဗျုဟာ၊ လူ၊လက်နက်၊ ငွေ ဘယ်လောက်ပြင်ဆင်ပြီးပြီလည်း
ဒါတွေကို ငါတို့  ဆွေးနွေးရတော့မယ်။

မိုးသီးဇွန်

-----------------------------------------------------------------------------


ခင်မင်လေးစားရပါသော ညီတော်၊ညီမတော်၊အစ်မတော်၊အစ်ကိုတော်၊ ရဲဘော်၊ရဲမေအပေါင်းတို့ အား
ကျွန်တော်လှိုက်လှိုက်လှဲလှဲတောင်းဆိုပါသည်။ လေးလေးနက်နက်ဝိုင်းဝန်း၍ကူညီပေးပါရန်လည်းအနူးညွတ်ထားပြီးပြောကြားလိုပါသည်။
ဘာလိုလည်းဆိုတော့ အချိန်တွေသည်မြန်မြန်ကြီးကုန်သွားသည်မှာ ၈၈ အရေးခင်းမှာမနေ့ ကကဲ့သို ၊
၁၉၉၀ ရွေကောင်ပွဲဖြစ်ခဲ့သည်မှာမနေ့ကကဲသို့ 
စက်တင်ဘဆိုသည်မှာမနေ့ ကကဲ့သို့ ...
မနေ့ ကကဲ့သို့ သော ကဲ့သိုများကုန်သွားနေပေသည်။
စစ်အစိုးရ က တိုက်ပွဲ ခေါ်လိုက်ပြီ ၊ ခေါင်းငုံမခံနဲ့ လက်တုန်ပြန်ကြစို့  ။
စစ်အစိုးရ ကမေလမှာ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပဖို့ ကြေညာ လိုက်ပါပြီ။
ရွေးကောက်ပွဲကိုတော့ ၂၀၁၀ မှာ ပြုလုပ်မယ်လို့  အေပီသတင်း မှာဖေါ်ပြထားပါတယ်။
ဒါဟာ စစ်အစိုးရဟာ အာဏာကို တလက်မမှ မလျော့ ဘူးလို မျက်နာ့ပြောင်တိုက် ကြေညာလိုက်ပြီဖြစ်ပါတယ်။

မေးခွန်းကတော့

၁- ကျွန်တော်တို့ ဘာလုပ်ကြမလည်း
၂- ဆန္ဒခံယူပွဲ ကို ၁၉၇၄ ခုနစ်တုံးကလို ပဲ လက်ပိတ်ကြည့် နေမလား
၃- တိုက်မလား၊တိုက်မယ်ဆိုရင် ဘယ်လို တိုက်မလည်း၊ဘာတွေလုပ်မလည်း
၎- သေနဂဗျုဟာ၊ ဘယ်လောက်ပြင်ဆင်ပြီးပြီလည်း၊ ဒါတွေကို ကျွန်တော်တို့ လုပ်ကိုလုပ်ရတော့မယ်၊
ကျွန်တော်တို့ ဒါကို လုပ်ချင်တယ်၊လုပ်မယ်ဆိုသော ၊ဒါကျွန်တော်တို့ ရဲ လုပ်ကိုလုပ်မှာ၊လုပ်မယ်ဆိုသော စကားကိုပြောရမယ်
အချိန်ရောက်ပြီလို့ မြင်ပါတယ်၊

ကျွန်တော်တို့ တာဝန်က ဒီမိုကရေစီအောင်လံကို လက်ဆင့်ကမ်းကာသယ်ဆောင်ရမယ်၊
ကိုယ်လုပ်ရမဲ့ တာဝန်က သယ်ဆောင်ရမှာ၊ လွဲပြောင်းပေးရမှာ၊ ပေးရမဲ့ သူက ဒီမိုကရေစီပန်တိုင်ကိုရောက်အောင်ပြေးရမဲ့ 
၁၉၉၀ ပြည်နှစ်ရွေးကောက်ပွဲမှာပြည်သူကရွေးချက်တင်မြှောက်လိုက်သောပါတီတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေ၊
ဗိုလိခူပ်အောင်ဆန်းပြောခဲ့ သောတာဝန်ယူခြင်း၊တာဝန်ခံခြင်းမိုးကို ဒီပါတီတွေကိုတာဝန်ခံခိုင်းဖို့ သိုင်းဝိုင်း၊၀ိုင်ဝန်းပံပိုးရမှာကျွန်တော်တို့ အားလုံးရဲ့ တာဝန်၊ ပြည်သူတွေရဲ့ တာဝန်၊ တိုင်းရင်းသားအားလုံးရဲ တာဝန်ပြန်လည်ကြရောက်လို့ လာပါပြီ၊
တနှစ်အတွင်း လွတ်လပ်ရေး ရရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။
မှန်ပါသည်။ ထိုအတူ တနှစ်အတွင်း ဒီမိုကရေစီကို ရရမည်ဟု ကြွေးကြော်ရင်း NLD ကလုပ်ဆောင်သင့်
သလိုအားလုံးသောပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့စည်းအသီးသီး၊ လက်နက်ကိုင်အသီးသီး
မားမားမှတ်မှတ်ရပ်သင့်ပြီဟုလိုကြောင်းပြင်ပြင်းထန်ထန်တောင်းဆိုပါသည်။အားလုံးကဒီမိုကရေစီ၊ ပြည်သူကတင်မြှောက်သောပြည်သူအစိုးရကိုအကောင်အထည်ပေါ်ရန်၁၀၀၀% တာဝန်ရှိသူနှင့် အပြည့်အ၀ ပံ့ပိုးရပ်တည်ပေးရမည်မှာပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့စည်းအသီးသီး၊ လက်နက်ကိုင်အသီးသီးဖြစ်ပြီး၊ ထိုအားကိုအခြေခံပြီးတော့မှသာNLD သည်ပန်းတိုင်ကိုချီတတ်နိုင်မည်ဖြစ်သည်။

ထိုအတွက်ကြောင့် ကျွန်တော်တို့ အားလုံးမှာလုပ်စရာတစ်ခုဘဲရှိပါတော့တယ်
ကျွန်တော်တို့ ဘာကိုလုပ်မယ်ဆိုတာဘဲပြောဖို့ ရှိတော့တယ်၊့ ကျွန်တော်တို့ အလုပ်က
အလံကိုသယ်သွားပြီး ၁၉၉၀ပြည့်ရွေးကောက်ပွဲမှာအောင်ပွဲရသောအနိုင်ရပါတီလက်ထဲကို
ထည့်ပေးလိုက်ရမယ်၊ အနိုင်ရပါတီခေါင်းဆာင်တွေ၊ ရွေးချယ်ခံရသောပါတီခေါင်းဆောင်တွေကနေ
ဆက်ပြီးတော့ သယ်ဆောင်ပေးလိမ့်မယ်ဒါကို ပြည်သူတွေ၊ တိုင်းရင်းသားတွေက၊ပြတ်ပြတ်သားသားဝိုင်းဝန်း ပံ့ပိုးရမယ်၊ဒီလိုလုပ်ပြီး NLD ကို အခွင့်ရေးပေးကိုပေးရမယ် ဘာလို့လည်းဆိုတော့
ပြည်သူတွေကနေ NLD ကိုတိုင်းပြည်ရဲ ကံကြမ္မာကိုလုပ်ဆောင်ပေးဖို့  mandate
ပေးထားလို ဆက်လက်ပြီးတော့၊ဒီအခွင့်အရေးကိုပေးသင့်တယ်၊ပေးကိုပေးရမယ်ဆိုတာကို

ထိုအတူ ဘလောက်ညီအစ်ကိုတွေကနေအားလုံးတူညီသောအခြေအနေကို ၀ိုင်းပြီးလုပ်ဆောင်သင့်တယ်ဆိုတာ
တောင်းဆိုပါတယ်၊
ကျွန်တော်တို့ တွေဒီတစ်ခါမှညီညာသေခြေလှမ်း၊ စွန့် လွတ်အနစ်နာခံခြင်း၊ အကြွမ်းမဲ့ယုံကြည်မှုကိုတစ်ဦးအပေါ် မှာတစ်ဦးမထားဘဲ နေကြအုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ မမြင်ရသေးသောအားလုံးသော နောင်မိုးဆက်တွေရဲ့ဘ၀ ဟာယခုထက်ပိုပြီးဆိုးဝါးနိုင်တယ်ဆိုတာကိုတော့သတိပြုမိကြစေချင်ပါသည်။
အမိုး၊သာသနာ၊အတွက်အားလုံးအဆင်သင့်ဖြစ်ကြပြီလား၊ ဖြစ်ကြပြီဟုထင်ပါသည်။
ခင်မင်လေးစားရပါသော ညီတော်၊ညီမတော်၊အစ်မတော်၊အစ်ကိုတော်၊ ရဲဘော်၊ရဲမေအပေါင်းတို့ ထံမှထိရောက်သောအလုပ်၊ ထိရောက်သောအတွေး၊အမြင်အားလုံးကို ပြန်ကြားပေးစေလို ပါတယ်၊
၂၀၀၈ နှစ်မကုန်ခင်မှာ
ရွေဝါရောင်တော်လှန်ရေးအောင်ရမည်၊
ဒေါင်းအလံကျောင်းဝင်းတိုင်းမှာပြန်စိုက်နိုင်ရမည်
( ဆက်လက်၍ဖြန့် ဝေကာပေးပါရန်တောင်းဆိုပါသည်။)
ခင်မင်လေးစားစွာဖြင့်
စိုင်းမွန်

Friday, February 8, 2008


China and Myanmar

Our friends in the north


Feb 7th 2008 | KYAUKPHYU

The Economist
print edition

Shunned by the West, Myanmar is developing ever closer commercial links with its neighbours, especially China

MOST locals, who are lucky if they enjoy two hours of electricity an evening, are unaware of their region's bounty: South-East Asia's biggest proven gas reserve lies in the Shwe field, just off the coast of Ramree Island. This year work will begin on a pipeline to carry these riches to China. From perhaps as early as late 2009, a parallel pipe will carry Middle Eastern and African oil from a new deep-water harbour at Kyaukphyu, bypassing the Strait of Malacca and fuelling the economy of China's south-west.

The site of the harbour, like the former fishing grounds where the gas lies, is now strictly out of bounds to locals. Despite a small poster campaign by underground activists, few people here know much about it. Those who do are worried. According to one, farmers fear losing their land. They have good reason for concern, judging from the mass dispossessions and human-rights abuses that surrounded the construction of earlier pipelines from the south to Thailand. Residents of nearby Baday Island have already been told that they must leave.

China is not the only country in the region nervous about its “energy security” and thus hungry for Myanmar's energy resources. India also hoped to buy the Shwe (“golden”) gas, offering the government soft loans and other inducements. In August India signed a $150m contract for gas exploration further south in the Gulf of Martaban. One day India hopes to build its own pipeline into its poor, remote, insurgency-ridden north-eastern states.
Until the Shwe gas comes on stream, Myanmar's biggest export market will remain Thailand. In purchases worth $2 billion a year, Thailand's electricity authority imports gas from the Yadana and Yetagun fields. But China offers the Burmese junta particular advantages. As a permanent member of the United Nations Security Council, it can veto threatening resolutions, as it did a year ago (just three days before it secured exploration rights to three more offshore blocks near Ramree).

There are even reports that Myanmar may soon start conducting all its Chinese trade in the Chinese currency, the yuan. This sounds odd, since it is not fully convertible and Myanmar expects soon to have a large trade surplus. The rationale would be to avoid Western banking sanctions. American measures introduced after the crushing of monk-led protests last September hurt Burmese financial interests in Singapore. This week, America tightened sanctions on the ruling junta's families.

Chinese trade extends beyond energy. The new pipelines will follow the route of the old British-built Burma Road, which still carries timber, gold, gemstones and other Burmese raw materials north to China and brings in cheap manufactures. Around 20 Chinese companies are working in Myanmar on scores of projects including hydropower, mining and road-building as well as oil and gas. Ruili, the main border-crossing between northern Myanmar and China's province of Yunnan, has become a seedy boomtown.

Under construction, and soon to eclipse the Burma Road is a new “Southern Silk Road”, linking India to China across northern Myanmar. Parts of the long-derelict route were first opened by the Allies during the second world war to supply Chiang Kai-shek's Chinese army in its war with the Japanese. Today it gels neatly both with India's determination to develop the north-east and with China's plans to close the gap between its booming east coast and the laggardly western interior. Yunnan needs energy supplies and markets, and its businesses and officials are little bothered by the human-rights concerns that have led some Western governments to impose limited sanctions.

Thursday, February 7, 2008

လွတ်လပ်စွာပြောဆိုခွင့် နှင့်
ဗုဒ္ဓ၏ မှန်လည်းမှန် ၊ အကျိုးလည်း ရှိသော စကားကိုသာ ဆိုအပ်ခြင်း ဒေသနာ

ပညာဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ မြန်မာတွေ မစိမ်းကြဘူးလို့ ထင်တယ်။ ပညာဆိုတာ ဘာလဲဆိုတာသာ မသိရင်မသိမယ် စိမ်းတော့ မစိမ်းကြဘူး။ ပညာတက်လို့  ခေါ်ဝေါ်သမုတ်ခံလိုက်ရတဲ့ လူတိုင်းလည်း ပညာဘာလဲဆိုတာ သိကြတယ်လို့ ကျွန်တော် မယုံဘူး။ ပညာဆိုတာ သင်ပေးလို့ မရဘူးဆိုပြီး ပြောလေ့ ရှိကြတယ်။ ဒါဟာရာနှုန်းပြည့် မဟုတ်ပေမယ်လို့  အတော်မှန်တဲ့ အဆိုတစ်ခုပဲ။ ဒါပေမယ့် ပညာဟာ လိုလိုချင်ချင် လေ့လာယူလို့ တော့ရတယ်။ ဒါဆို ပညာဟာဘာလဲ။ ကျွန်တော့် သဘေားထားကတော့ အဖြစ်အပျက်များကို သတိရှိရှိ နဲ့ အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်ခြင်း ၊ ဆင်ခြင်နိုင်ခြင်း၊ တွေးတောနိုင်ခြင်းပဲ။ သညာမှာ၊ ခင်းဗျားတို့ ကျွန်တော်တို့ မှတ်ညဏ်တွေမှာ သိုမှီးထားပြီး ပြန်ထုတ်သုံးတဲ့ အရာမဟုတ်ဘူး။ ခံစားချက်အရ ဦးတည်ရာမရှိ လုပ်နေတဲ့အရာတွေ မဟုတ်ဘူး။ အဲဒါတွေက ပညာကိုဖြစ်စေဖို့  အထောက်အကူပြုတယ်။ ဒီလိုပဲ ပညာမဖြစ်စေဖို့ လည်း အထောက်အကူပြုတယ်။ သုံးတဲ့အပေါ်မူတည်မှာပဲ။

ဒီတော့ လွတ်လပ်စွာပြောဆိုခွင့်ကို ခင်ဗျားတို့ တော့ဘယ်လိုမြင်လည်း မသိဘူး။ ကျွန်တော်တော့ လူတိုင်းမှာ လွတ်လပ်စွာပြောဆို ပိုင်ခွင့်ရှိတယ်လို့ မြင်တယ်။ သိပ်အထူးခြားကြီးမဟုတ်ဘူး။ ဟုတ်ပြီ၊ ဒါဟာ အခွင့်အရေးဖြစ် တယ်။ လူတိုင်းရှိရမယ့် အခွင့်အရေးဖြစ်တယ်။ ဒါပေမယ့် အခွင့်အရေးတိုင်း ရှိတိုင်း အသုံးချတိုင်း ကောင်းမွန်တဲ့ အရာမဖြစ်ဘူး။ ငါ့မှာ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီး ပြောချင်တာပြောတာဟာ အခွင့်အရေးဘက်က ကြည့်ရင် ငြင်းပယ်စရာ မဟုတ်သလို ၊ လက်မခံနိုင်စရာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကိစ္စအဖြစ်အပျက်တွေ ဟာ အတိုင်း (paradigm) တခုတည်း၊ အကြောင်းအရာတစ်ခုတည်းနဲ့ ဖြစ်နေ တာမဟုတ်ဘူး ၊ တည်ဆောက်ထားတာ မဟုတ်ဘူ။ အဲလိုကိစ္စတစ်ခုတည်းနဲ့  ကြည့်လို့  မရဘူးဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ နားလည်ထားရမယ်။ ကျွန်တော်တို့ ပြောတဲ့ စကားရဲ့ အကျိုးအပြစ်တွေကို လည် ကြိုတွေးဆကြမိဖို့ လိုအပ်တယ်။ တစုံတယောက်ပြောဆိုတဲ့အခါလည်း စေတနာ၊ ရည်ရွယ်ချက်၊ အချိန် စတဲ့ အရာတွေကို ပါ ထည့်သွင်း ကြည့်မြင်စေချင်တယ်။

အမှန်တရားဆိုတာလည်း အများအားဖြင့် သူ့ ဘက်ကိုယ့်ဘက်နဲ့  မှန်နေကြတာပဲ။ အမြင်မတူတဲ့ အခါ အမှန်တရားဆိုတာ ကွဲပြားနေမှာပဲ။ ကွဲပြားတဲ့ အမြင်တွေကို လက်ခံပြီး အတူတကွ လုပ်ကိုင်ဖို့ စဉ်းစားကြတာ လည်း ဒီမိုကရေစီရဲ့  အားသာချက်တစ်ခုပဲ။ ကိုယ့်မှာ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီး ကိုယ်ခံစားရာ ၊ ထင်မြင်ရာတွေကို အမှန်ဆိုပြီး အကျိုးကိုမကြည့်ပဲ ပြောဆိုနေကြတာ တွေ့ နေရတယ်။ အကယ်၍ ဘက်နှစ်ဘက် ဒီ နအဖဘက်နဲ့  ဒီမိုကရေစီတိုက်ပွဲဝင်တွေ ဘက် အပြန်အလှန်ပြောကြတယ် ငြင်းခုန်ကြတယ်ဆိုရင် ဘာမှပြောစရာမရှိဘူး။ အခုဟာ ကိုယ်အချင်းအချင်း မထိတထိ၊ ဒါမှမဟုတ် သေသေချာချာကြီးကို ဝေဖန်ပြောဆိုနေကြတယ်။ လွတ်လပ်စွာ ငြင်းခုန်ခွင့် ၊ ပြောဆိုခွင့်၊ ဝေဖန်ခွင့်ကို ကျွန်တော် ယုံကြည်တယ်။ အဖွဲအတွင်းမှာလည်း အလုပ်လုပ်ကြတယ်ဆိုရင် ဒီအခွင့် အရေးဟာ အရေးကြီးတဲအရာပါ။ တန်ဖိုးလည်းရှိတယ်။ ဒါပေမယ့် အများသူငှာ ဖတ်လို့ ရတဲ့ နေရာတွေမှာတော့ ပြောချင်ရာ ပြောတာဟာ အကျိုးသက်ရောက်မှု ကြီးမားတယ်ဆိုတာ သတိပြုကြစေချင်တယ်။ စည်းလုံးညီညွတ်ခြင်းဆိုတာကိုလည် လွတ်လပ်စွာပြောဆိုခွင့်လိုပဲ တန်ဖိုးထား ကျင့်သုံးကြပါ။ ဘာဖြစ်လဲ ပြောခွင့် ရှိလို့ ပြောတယ်၊ ပြောချင်လို့ ပြောတယ် ဆိုရင်လည်း၊ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ တတွေဟာ တအာအာနဲ့  အော်နေရတဲ့ဘ၀က တက်မှာမဟုတ်ဘူးလို့  ပဲပြောချင်တယ်။

ဗုဒ္ဓတရားတော်မှာလည်း မှန်လည်းမှန်သော အကျိုးလည်းရှိသော စကားကို ဆိုဖို့ ဆုံးမထားတယ်။ မှန်ပေမယ့် အကျိုးဖြစ်ထွန်းမှုနဲ့  ဆုတ်ယုတ်မှုကို ချိန်ဆသင့်ပါတယ်။ ဒီမိုကရေစီမှာလည်း ကွဲပြားတဲ့ အမြင်တွေ ကို လက်ခံ စုစည်းလုပ်ဆောင်တဲ့ အလေ့အထ (tolerance) ဟာ အရေးကြီးတယ်။ စည်းလုံးခြင်းကိုအမှန်တကယ် တန်ဖိုးထား နိုင်ကြအောင် ကျွန်တော်တို့ ကြိုးစားကြရမယ်။

ဒေါင်းပျို
7 Jan 2007
ကိုနစ်နေမန်ဆီမှာတွေ့ တဲ့ ပုံလေးပြန်မျှချင်ပါတယ်။